back

တစ်ရက်လျှင် ပိဿာ ၅၀၊ တစ်ကျပ်သားလျှင် ကျပ် ၅၉.၈ သိန်းနှုန်းဖြင့် ရွှေရောင်းချပေးမည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်

Dec 01 • 7:20 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တစ်ရက်လျှင် ပိဿာ ၅၀၊ တစ်ကျပ်သားလျှင် ကျပ် ၅၉.၈ သိန်းနှုန်းဖြင့် ရွှေရောင်းချပေးမည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ တစ်ရက်လျှင် ပိဿာ ၅၀၊ တစ်ယောက်လျှင် ရွှေတစ်ကျပ်သားကို ကျပ် ၅,၉၈၀,၀၀၀ (၅၉.၈ သိန်း) နှုန်း...

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ တစ်ရက်လျှင် ပိဿာ ၅၀၊ တစ်ယောက်လျှင် ရွှေတစ်ကျပ်သားကို ကျပ် ၅,၉၈၀,၀၀၀ (၅၉.၈ သိန်း) နှုန်းဖြင့် ရောင်းချပေးမည်ဟု Facebook Page များပေါ်တွင် ပျံ့နှံ့နေသော သတင်းသည် သတင်းအမှားသာဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါသတင်းအတုတွင် ရွှေဈေးနှုန်းတည်ငြိမ်စေရန်အတွက် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်း၊ ဆိုင်ဖွင့်လှစ်ခြင်းနှင့် လိုင်စင်လျှောက်ထားခြင်း စသည်တို့ကို လုပ်ဆောင်ရန် သတိပေးထားသော်လည်း ယင်းထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အတည်ပြုခဲ့သည်။

news-view-count-icon

35