back

ရန်ကုန်တိုက်ခန်းအငှားဈေးကွက်တွင် စပေါ်စနစ် ပြန်လည်တွင်ကျယ်လာမှုကြောင့် ငှားရမ်းသူနှင့် ပိုင်ရှင်ကြား ပြဿနာ များ ဖြစ်ပွားမှု များလာ

Dec 01 • 7:17 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်တိုက်ခန်းအငှားဈေးကွက်တွင် စပေါ်စနစ် ပြန်လည်တွင်ကျယ်လာမှုကြောင့် ငှားရမ်းသူနှင့် ပိုင်ရှင်ကြား ပြဿနာ များ ဖြစ်ပွားမှု များလာ

ရန်ကုန်မြို့ရှိ တိုက်ခန်းအငှားဈေးကွက်တွင် စပေါ်စနစ်ဖြင့် ငှားရမ်းမှုသည် ၂၀၂၄ ခုနှစ်မှစတင်ကာ ပြန်လည်ခေတ်စားလာပြီး တွင်ကျယ်လာသော်လည်း ယခင်ကကြုံတွေ့ခဲ့ရဖူးသည့်အတို...

ရန်ကုန်မြို့ရှိ တိုက်ခန်းအငှားဈေးကွက်တွင် စပေါ်စနစ်ဖြင့် ငှားရမ်းမှုသည် ၂၀၂၄ ခုနှစ်မှစတင်ကာ ပြန်လည်ခေတ်စားလာပြီး တွင်ကျယ်လာသော်လည်း ယခင်ကကြုံတွေ့ခဲ့ရဖူးသည့်အတိုင်း ငှားရမ်းသူနှင့် အခန်းပိုင်ရှင်များကြားတွင် ပြဿနာများ ပြန်လည်ဖြစ်ပွားလာကြောင်း အကျိုးဆောင်များနှင့် ငှားရမ်းသူများထံမှ သိရသည်။ အဓိကပြဿနာမှာ ငှားရမ်းသူဘက်မှ ဆက်လက်မနေလို၍ စပေါ်ငွေပြန်ထုတ်ယူရာတွင် အခန်းရှင်ဘက်မှ သတ်မှတ်ကာလအတွင်း ငွေပြန်မပေးနိုင်ခြင်း သို့မဟုတ် ဖြတ်တောက်နုတ်ယူမှုများကြောင့် ငှားရမ်းသူက အပြည့်အဝ မရရှိခြင်းတို့ဖြစ်သည်။ အကျိုးဆောင်များ၏ ပြောကြားချက်အရ အချို့အခန်းရှင်များသည် စပေါ်ငွေကို အခြားလုပ်ငန်းများတွင် အသုံးပြုရာ လုပ်ငန်းအဆင်မပြေမှုကြောင့် ငွေဆုံးရှုံးကာ စပေါ်ငွေ ပြန်မပေးနိုင်သည့် အခြေအနေများအထိ ဖြစ်ပေါ်လာသည်။ စပေါ်ဖြင့် ငှားရမ်းပါက စပေါ်ငွေအဖြစ် အနည်းဆုံး ကျပ်သိန်း ၁၀၀ ဝန်းကျင် ထားရှိရပြီး၊ တစ်လချင်း ငှားရမ်းခမှာ ကျပ် ၁၅၀,၀၀၀ မှ ၁၈၀,၀၀၀ ကြား ကျသင့်လေ့ရှိကာ နယ်ဒေသများမှ ပြောင်းရွှေ့အခြေချသူများက အများဆုံး ငှားရမ်းလေ့ရှိကြောင်း သိရသည်။

news-view-count-icon

28