back

သီရိလင်္ကာတွင် အပူပိုင်းဆိုင်ကလုန်း Ditwah ကြောင့် သဘာဝဘေးအန္တရာယ် အဆိုးရွားဆုံး ကြုံတွေ့၊ လူ ၃၃၄ ဦး သေဆုံး

Dec 01 • 7:16 AM

breaking-news

မြန်မာ

ပြည်ပ

cover

သီရိလင်္ကာတွင် အပူပိုင်းဆိုင်ကလုန်း Ditwah ကြောင့် သဘာဝဘေးအန္တရာယ် အဆိုးရွားဆုံး ကြုံတွေ့၊ လူ ၃၃၄ ဦး သေဆုံး

လတ်တလောရက်ပိုင်းအတွင်း သီရိလင်္ကာနိုင်ငံ၌ အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း Ditwah ၏ သက်ရောက်မှုကြောင့် ရက်ပေါင်းဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက...

လတ်တလောရက်ပိုင်းအတွင်း သီရိလင်္ကာနိုင်ငံ၌ အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း Ditwah ၏ သက်ရောက်မှုကြောင့် ရက်ပေါင်းဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပွားပြီး ယနေ့တိုင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်သင့်မှုနှင့် ကြုံတွေ့ခဲ့ကြောင်း သမ္မတ Anura Kumara Dissanayake က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါဆိုးရွားသောရာသီဥတုကြောင့် နိုင်ငံတစ်ဝန်း၌ သေဆုံးသူ ၃၃၄ ဦး၊ ပျောက်ဆုံးသူ ၃၇၀ ဦး၊ ဘေးဒဏ်သင့်သူ ၁.၁ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ သီရိလင်္ကာနိုင်ငံသည် နိုဝင်ဘာလ ၂၈ ရက်မှစ၍ အများပြည်သူအရေးပေါ်အခြေအနေသို့ ဝင်ရောက်ကြောင်း သမ္မတက နိုဝင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့ပြီး၊ ဘေးဒဏ်သင့်ဒေသများ၏ ရေပေးဝေမှု၊ လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဆက်သွယ်ရေးစသည့် အခြေခံဝန်ဆောင်မှုများ ပြန်လည်ရရှိရေး အစွမ်းကုန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

34