back

အင်ဂျင်နီယာ အရည်အချင်းပြည့်ဝသည့် လူငယ်များဖြစ်စေရေး ရည်မှန်းဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာ ဒုဝန်ကြီး တိုက်တွန်း

Dec 01 • 7:14 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အင်ဂျင်နီယာ အရည်အချင်းပြည့်ဝသည့် လူငယ်များဖြစ်စေရေး ရည်မှန်းဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာ ဒုဝန်ကြီး တိုက်တွန်း

နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝသည့် လူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်သွားရန် သိ...

နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝသည့် လူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်သွားရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယမန်နေ့ နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ် (သန်လျင်) သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ကျောင်းသား/သူများအား တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်။ဒုတိယဝန်ကြီးက University-Industry Collaboration ကို မြှင့်တင်ကာ သီလဝါအထူးစီးပွားရေးဇုန်နှင့် ဒေသတွင်း MSME များ၏ နည်းပညာလိုအပ်ချက်များကို အမှန်တကယ် ပံ့ပိုးပေးနိုင်ရေး ကြိုးပမ်းရန် မှာကြားခဲ့သည်။ ထို့ပြင် ၎င်းသည် ရေနံအင်ဂျင်နီယာဌာနရှိ စာသင်ခန်း၊ လက်တွေ့စမ်းသပ်ခန်းများနှင့် ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) နှင့် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) တို့သို့လည်း သွားရောက်ကာ သင်တန်းများအား ရလဒ်အခြေပြုသင်ကြားရေးစနစ်ဖြင့် စနစ်တကျ ဖွင့်လှစ်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

news-view-count-icon

58