back

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဒီဇင်ဘာ ၆ နှင့် ၇ ရက်နေ့တို့တွင် ကြိုတင်ဆန္ဒမဲပေးနိုင်

Dec 01 • 7:13 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဒီဇင်ဘာ ၆ နှင့် ၇ ရက်နေ့တို့တွင် ကြိုတင်ဆန္ဒမဲပေးနိုင်

လာမည့် အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ ကြိုတင်ဆန္ဒမဲပေးနိုင်မည့် ရက်များကို ယနေ့ ဒီဇင်ဘာ...

လာမည့် အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ ကြိုတင်ဆန္ဒမဲပေးနိုင်မည့် ရက်များကို ယနေ့ ဒီဇင်ဘာ ၁ ရက်တွင် အသိပေးကြေညာခဲ့သည်။ ကြိုတင်မဲပေးနိုင်မည့်ရက်များမှာ ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့တို့ဖြစ်ပြီး၊ သံရုံးကို မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားမည်ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ပုံစံ ၁၅ များကို နောက်ဆုံးထားပေးပို့ခဲ့ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် မဲပေးနိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ် မူရင်း/မိတ္တူနှင့် နိုင်ငံကူးလက်မှတ်မူရင်းတို့ကို ယူဆောင်လာရန် သံရုံးက အသိပေးထားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ လာမည့်ရွေးကောက်ပွဲအပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း (၂) ကို ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့၌ ကျင်းပမည်ဖြစ်သည်။

news-view-count-icon

19