back

အထက်မြန်မာပြည် Amateur Open 2025 ဂေါက်သီးရိုက်ပြိုင်ပွဲ မန္တလေး၌ ကျင်းပမည်

Dec 01 • 7:12 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အထက်မြန်မာပြည် Amateur Open 2025 ဂေါက်သီးရိုက်ပြိုင်ပွဲ မန္တလေး၌ ကျင်းပမည်

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အထက်မြန်မာပြည် ဂေါက်သီးအားကစားအဖွဲ့ချုပ် ဆပ်ကော်မတီက ကြီးမှူးကျင်းပမည့် Amateur Open 2025 ဂေါက...

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အထက်မြန်မာပြည် ဂေါက်သီးအားကစားအဖွဲ့ချုပ် ဆပ်ကော်မတီက ကြီးမှူးကျင်းပမည့် Amateur Open 2025 ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂ ရက်မှ ၄ ရက်နေ့အထိ မန္တလေးမြို့ရှိ ရွှေမန်းတောင်ဂေါက်ကွင်း၌ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို R&A Rules Limited နှင့် USGA တို့၏ Rules of Golf 2023 စည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်ပြီး၊ ယခင်စာရင်းပေးသွင်းထားသည့် ဝါသနာရှင်အဆင့် (အမျိုးသား) H’Cap 0-12 အဆင့်ရှိသူများနှင့် (အမျိုးသမီး) ကစားသမားများသည် သက်ဆိုင်ရာ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကာ အမည်စာရင်း ပြန်လည်အတည်ပြုရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

29