ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ပလတ်စတစ်စက်ရုံတစ်ခုတွင် ဖော့ပြားကြိတ်စက်ထဲ ခန္ဓာကိုယ်ညပ်ပါသဖြင့် သေဆုံးခဲ့သော မြန်မာအလုပ်သမား ကိုသက်ဇော်ကိုအတွက် စုစုပေါင်း ဘတ် ၁၅ သိန်းကျော် နစ်နာကြေး ရရှိမည်ဖြစ်ကြောင်း WAG အဖွဲ့၏ ကူညီဆောင်ရွက်မှုအရ သိရသည်။ ကိုသက်ဇော်ကိုသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အဆိုပါမတော်တဆမှုဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ညီဖြစ်သူက WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့သည်။ WAG အဖွဲ့၊ မိသားစုဝင်များနှင့် စက်ရုံတာဝန်ရှိသူများ ညှိနှိုင်းမှုအရ စက်ရုံဘက်မှ နစ်နာကြေး ဘတ် ၄၅၀,၀၀၀ နှင့် သင်္ဂြိုဟ်စရိတ် ဘတ် ၅၀,၀၀၀ ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ညီဖြစ်သူက ထုတ်ယူရမည်ဖြစ်သည်။ ကျန်ရှိသော လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) မှပေးမည့် ဘတ် ၁၀ သိန်းကျော် နစ်နာကြေးကိုမူ မိခင်ဖြစ်သူက မြန်မာနိုင်ငံမှ လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ စက်ရုံတွင် ကြိတ်စက်ထဲညပ်၍ သေဆုံးခဲ့သော မြန်မာလုပ်သားအတွက် ဘတ် ၁၅ သိန်းကျော် နစ်နာကြေး ရရှိမည်
Dec 01 • 4:51 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


