back

ထိုင်းရေကြီးရေလျှံမှုဒဏ်ခံရသော ဒေသများမှ CI သက်တမ်းတိုးသူများ နီးစပ်ရာ စခန်းများတွင် သွားရောက်ဆောင်ရွက်နိုင်

Dec 01 • 4:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းရေကြီးရေလျှံမှုဒဏ်ခံရသော ဒေသများမှ CI သက်တမ်းတိုးသူများ နီးစပ်ရာ စခန်းများတွင် သွားရောက်ဆောင်ရွက်နိုင်

ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်အတွက် Certificate of Identity (CI) သက်တမ်းတိုး လျှောက်ထားရမည့် မြန်မာလုပ်သားများအနေဖြင့် မိမိတို့ ငွေပေးသွင်...

ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်အတွက် Certificate of Identity (CI) သက်တမ်းတိုး လျှောက်ထားရမည့် မြန်မာလုပ်သားများအနေဖြင့် မိမိတို့ ငွေပေးသွင်းထားသည့် သို့မဟုတ် မူရင်းစခန်းများတွင် သွားရောက်ဆောင်ရွက်ရန် အခက်အခဲရှိပါက နီးစပ်ရာ CI စခန်းများတွင်မဆို သွားရောက်လျှောက်ထားနိုင်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ထိုင်းနိုင်ငံ၌ CI ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များတွင် ဖွင့်လှစ်ထားပြီး၊ Mobile Unit ၁ ခုကိုလည်း ကရာဘီမြို့တွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအစီအစဉ်သည် ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နှင့် အနီးတစ်ဝိုက်ဒေသများရှိ CI စာအုပ် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ငွေပေးသွင်းထားပြီး CI ပြုလုပ်ရန် ကျန်ရှိသူများအတွက် အထူးရည်ရွယ်ခြင်းဖြစ်သည်။ 

news-view-count-icon

20