back

ကလော ရွှေမင်းဖုန်း ရွှေလုပ်ကွက် တွင်းပြိုသဖြင့် လုပ်သားများပိနေ၊ ၂ ဦး အလောင်းရ၊ ကျန်ရှိသူများ ဆက်လက်တူးဖော်ဆဲ

Dec 01 • 5:00 AM

breaking-news

မြန်မာ

ရှမ်း

cover

ကလော ရွှေမင်းဖုန်း ရွှေလုပ်ကွက် တွင်းပြိုသဖြင့် လုပ်သားများပိနေ၊ ၂ ဦး အလောင်းရ၊ ကျန်ရှိသူများ ဆက်လက်တူးဖော်ဆဲ

ကလောနှင့်သာစည်နယ်စပ် မှာရှိသည့် ရွှေမင်းဖုန်း ရွှေလုပ်ကွက်တွင် တူးဖော်နေသည့် တွင်းတစ်တွင်း ပြိုကျသဖြင့် တွင်းလုပ်သားများ ပိမိနေကြောင်း ယင်းရွှေလုပ်ကွက် သတင်းရင်...

ကလောနှင့်သာစည်နယ်စပ် မှာရှိသည့် ရွှေမင်းဖုန်း ရွှေလုပ်ကွက်တွင် တူးဖော်နေသည့် တွင်းတစ်တွင်း ပြိုကျသဖြင့် တွင်းလုပ်သားများ ပိမိနေကြောင်း ယင်းရွှေလုပ်ကွက် သတင်းရင်းမြစ်များထံမှ သိရသည်။ကလောမြို့၏အနောက်မြောက်ဘက် ၁မိုင်ခန့်အကွာတွင်ရှိပြီး ယင်းမာပင်ရဲစခန်းအပိုင်အတွင်း ရှိသည့် ရွှေဗြုံးကျင်းတစ်ခုသည် နိုဝင်ဘာ၂၉ရက် နံနက်ပိုင်းက ပြိုကျခဲ့ခြင်းဖြစ်ပြီး တွင်းလုပ်သားအနည်းဆုံး ၃ဦးမှ ၅ဦးအထိ ပိမိနေခြင်းဖြစ်ကြောင်း ရွှေလုပ်ကွက်နှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။ယင်းရွှေမင်းဖုန်းလုပ်ကွက်သို့ အသွားမှာ ကားလမ်းကြမ်းသော်လည်း ကလောဘက်မှ သွား၍ရသလို ယင်းမာပင်ဘက်မှလည်းသွား၍ရကြောင်း၊ ရထားလမ်းဆိုပါက ခွေးရုပ်ဘူတာမှ သွားနိုင်ကြောင်း သိရသည်။ရွှေကြောကိုရှာဖွေတူးဖော်ရသည့် မြေတွင်းများသည် တွင်းရှည်လျင် ရှည်သလောက် လုပ်သားအသုံးပြုရပြီး သဘာဝဘေးဒဏ်ကြောင့် တွင်းပြိုတတ်သလို လှိုဏ်ခေါင်းထုတ်တန်းတိုင်များ မခိုင်ခန့်သည်များအပြင် တွင်းလှိုဏ်ဖောက်ရာတွင် ယမ်းခွဲဖောက်ရာက အခန့်မသင့်၍ တွင်းပြိုကျရသည်များရှိတတ်ကြောင်း သိရသည်။

news-view-count-icon

20