ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် (၆၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီက ဆေးတက္ကသိုလ် (၁) ရန်ကုန်လမ်းမတော်မြက်ခင်းပြင်၌ ကျင်းပသည်။ယင်းနောက် ဆေးတက္ကသိုလ် (၁) ရန်ကုန်ပါမောက္ခချုပ်နှင့် ဘွဲ့ရမောင်မယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန်ကျောင်းသား ကျောင်းသူများနှင့် ဘွဲ့ရမောင်မယ်များက အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ဆေးတက္ကသိုလ် (၁) အနေဖြင့် ဒီပလိုမာဘွဲ့ရရှိသူပေါင်း ၁,၈၂၄ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိသူ ပေါင်း ၄,၂၉၃ ဦး၊ ပါရဂူဘွဲ့ရရှိသူ ပေါင်း ၇၉၄ ဦး၊ ဆေးပညာဘွဲ့ရရှိသူ ၂၀,၂၄၂ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိတွင်လည်း ဘွဲ့ကြိုသင်တန်းသား သင်တန်းသူ စုစုပေါင်း ၂,၂၆၆ ဦးနှင့် ဘွဲ့လွန်ဒီပလိုမာ ကိုးဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၃၆၁ ဦး၊ ပါရဂူဘွဲ့နှစ်ဦး၊ ဆေးလက်တွေ့ပါရဂူဘွဲ့ ၁၉၅ ဦး၊ ဘွဲ့လွန်သင်တန်းသား စုစုပေါင်း ၅၆၇ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
Dec 01 • 3:54 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 25 | 0 | 0 | 0 |


