ယနေ့ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မြန်မာဘက်ခြမ်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲမှ ၆၀ မမ မော်တာကျည်များ ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၊ မဲကွန်ကင်ကျေးရွာဘက်သို့ ကျော်လွန်ကျရောက်ခဲ့ရာ မြန်မာနိုင်ငံသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ဒဏ်ရာရရှိသူ ၂ ဦးအနက် အသက် ၆ နှစ်အရွယ် မြန်မာကလေးငယ် ၁ ဦးကို လက်တွင် ကျည်စထိမှန်ဒဏ်ရာကြောင့် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကာ ကုသပေးနေပြီး၊ ကျန်အမျိုးသမီး ၁ ဦးကို ရှေးဦးသူနာပြုစု ကုသပေးခဲ့သည်။ ဒဏ်ရာရရှိသူ ၂ ဦးစလုံး၏ အခြေအနေမှာ စိုးရိမ်ဖွယ်မရှိတော့ကြောင်း သိရပြီး၊ ဆေးရုံတက်ရောက်ကုသနေသည့် ကလေးငယ်အား နရဲစွမ်းတပ်မှူး ဗိုလ်ချုပ်ကြီး မိုင်ထရီ ချူးပရီချာနှင့်အဖွဲ့က လာရောက်ကြည့်ရှုခဲ့သည်။ မြန်မာဘက်မှ လက်နက်ကြီးများ ကျရောက်မှုကြောင့် ထိုင်းနယ်ခြားစောင့်တပ် ရာဇမနု အထူးတပ်ဖွဲ့ကလည်း သတိပေး မီးခိုးကျည် ၄ လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုင်းဘက်သို့ ကျရောက်သော လက်နက်ကြီးကျည်စထိမှန်သည့် အသက် ၆ နှစ်အရွယ် မြန်မာကလေးငယ်ကို မဲဆောက်ဆေးရုံပို့
Dec 01 • 3:05 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


