back

ရန်ကုန်ရှိ ရွှေဆိုင်များ ရည်ညွှန်းဈေးအပေါ် အခွန် ၃% အပါအဝင် ထိုက်သင့်သည့်နှုန်း ထည့်ပေါင်းရောင်းချခွင့်ပြု

Dec 01 • 3:01 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရှိ ရွှေဆိုင်များ ရည်ညွှန်းဈေးအပေါ် အခွန် ၃% အပါအဝင် ထိုက်သင့်သည့်နှုန်း ထည့်ပေါင်းရောင်းချခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင်များအား အရောင်းအဝယ်ပြုလုပ်ရာတွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သ...

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင်များအား အရောင်းအဝယ်ပြုလုပ်ရာတွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအပေါ် အခွန် ၃ ရာခိုင်နှုန်းအပြင် ဝန်ထမ်းစရိတ်များနှင့် အထွေထွေကုန်ကျစရိတ်များအတွက် ထိုက်သင့်သည့် နှုန်းထားတစ်ခု ထည့်ပေါင်းရောင်းချရန် ခွင့်ပြုထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စာရင်းစစ်ဆေးရေးအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် သတ်မှတ်ဈေးနှုန်းနှင့် ရောင်းချခြင်းရှိမရှိကို လစဉ် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စည်းကမ်းဖောက်ဖျက်မှုများရှိပါက တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

news-view-count-icon

32