အမှတ်ပေးဇယား ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ စတမ်းဖို့ဒ်ဘရစ် တွေ့ဆုံမှုမှာတော့ တစ်ဂိုးစီသရေကျပြီး အမှတ်ခွဲယူခဲ့ကြပါတယ်။၃၈ မိနစ်မှာ ချယ်လ်ဆီးကွင်းလယ်လူ ကိုင်စီဒို အနီကတ်ပြသခံခဲ့ရပေမဲ့ အိမ်ရှင်အသင်းကပဲ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ချယ်လ်ဆီးနောက်ခံလူ ချာလိုဘာက ၄၈ မိနစ်မှာ ဦးဆောင်ဂိုး သွင်းခဲ့ပြီး အာဆင်နယ်ကစားသမား မယ်ရီနိုက ၅၉ မိနစ်မှာ ပြန်လည်ချေပခဲ့ပါတယ်။အာဆင်နယ်အသင်း ငါးမှတ်အသာနဲ့ ဆက်လက်ဦးဆောင်နေဆဲဖြစ်ပြီး ချယ်လ်ဆီးကတော့ ၂၄ မှတ်နဲ့ တတိယနေရာ ပြန်ဆင်းခဲ့ရပါတယ်။လီဗာပူးလ်အသင်းက ဝက်စ်ဟမ်းကွင်းမှာ အီဆက်ရဲ့ပထမဆုံး ပရီးမီးယားလိဂ်ဂိုး(၆၀ မိနစ်)၊ ဂက်ပို(၉၀+၂ မိနစ်)တို့ရဲ့ဂိုးတွေနဲ့ နိုင်ပွဲပြန်ရခဲ့တာပါ။



