back

ဘန်ကောက်နှင့် ခရိုင် ၄၇ ခုတွင် လေထုညစ်ညမ်းမှု အန္တရာယ်ရှိအဆင့်ရောက်ရှိနေ၍ Mask တပ်ရန် တိုက်တွန်း

Dec 01 • 2:59 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်နှင့် ခရိုင် ၄၇ ခုတွင် လေထုညစ်ညမ်းမှု အန္တရာယ်ရှိအဆင့်ရောက်ရှိနေ၍ Mask တပ်ရန် တိုက်တွန်း

ထိုင်းနိုင်ငံ၏ "ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ" (Gistda) ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းအထိ ပြီး...

ထိုင်းနိုင်ငံ၏ "ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ" (Gistda) ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းအထိ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဘန်ကောက်နှင့် အခြားခရိုင် ၄၇ ခုတွင် PM2.5 ဖုန်မှုန့်ပမာဏသည် အစိုးရသတ်မှတ်ချက် 37.5 µg/m³ ထက် ကျော်လွန်ကာ အန္တရာယ်ရှိသည့်အဆင့်သို့ ရောက်ရှိနေသည်။ အဆိုပါ ဒေသများတွင် PM2.5 ပမာဏသည် 38.3 µg/m³ မှ 60.7 µg/m³ အထိ ရှိနေပြီး၊ Nong Khai ခရိုင်တွင် အမြင့်ဆုံး စံချိန်တင်ခဲ့ကာ ဘန်ကောက်မြို့တွင် ပျမ်းမျှ 49.1 µg/m³ ဖြင့် ခရိုင် ၅၀ လုံး အန္တရာယ်ရှိအဆင့် ပြသနေသည်။ယခုကဲ့သို့ လေထုညစ်ညမ်းရခြင်းမှာ တရုတ်ဘက်မှ ရွေ့လျားလာသည့် လေဖိအားများရပ်ဝန်းကြောင့် Greater Bangkok တွင် လေထုပိတ်လှောင်မှု (Inversion) ဖြစ်ပေါ်နေခြင်းနှင့် ကောက်ပဲသီးနှံ ရိတ်သိမ်းရာသီအပြီး၌ မီးရှို့သည့်နေရာများ တိုးလာခြင်းတို့ကြောင့်ဖြစ်သည်။ 

news-view-count-icon

30