ထိုင်းနိုင်ငံတွင် ဘတ် ၁.၅ သန်း ပေး၍ ထိုင်းမှတ်ပုံတင်ကို နှစ်ပေါင်းများစွာ ဝယ်ယူကိုင်ဆောင်ကာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦးကို အဖွဲ့စုံပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။ ဖမ်းဆီးရမိသူမှာ မူလတရုတ်အမည် Mr. YUAN OUYANG (အသက် ၄၄ နှစ်) ဖြစ်ပြီး၊ ထိုင်းအမည် နိုင် အနုချစ် ဟူ၍ မှတ်ပုံတင်အစစ်ဖြင့် ကိုင်ဆောင်ထားကာ စက်ရုံ၊ ကုမ္ပဏီတည်ထောင်ပြီး နေထိုင်နေသူဖြစ်သည်။ ၎င်းအား "ဝီယန်င်ဟယ် မှာ မြူ ခွဲ မယ်" အမည်ရသည့် မှတ်ပုံတင်မမှန်ကန်သောနည်းဖြင့် ပြုလုပ်ပေးသူနှင့် ကိုင်ဆောင်သူများ ရှင်းလင်းရေး မစ်ရှင်အရ စုံစမ်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




