back

ကယ်လီဖိုးနီးယားရှိ မွေးနေ့ပါတီပွဲ ပစ်ခတ်မှုတွင် လူ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရရှိ

Dec 01 • 2:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကယ်လီဖိုးနီးယားရှိ မွေးနေ့ပါတီပွဲ ပစ်ခတ်မှုတွင် လူ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရရှိ

ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း၊ စတော့တန် (Stockton) မြို့ရှိ စားသောက်ဆိုင်တစ်ခု၌ ကလေးမွေးနေ့ပါတီပွဲတစ်ခုအတွင်း လူအများအပြားကို ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆ...

ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း၊ စတော့တန် (Stockton) မြို့ရှိ စားသောက်ဆိုင်တစ်ခု၌ ကလေးမွေးနေ့ပါတီပွဲတစ်ခုအတွင်း လူအများအပြားကို ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပစ်ခတ်ခံရသူများတွင် လူကြီးများနှင့် ကလေးများပါ ပါဝင်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး၊ ယင်းဖြစ်ရပ်သည် ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကျူးလွန်ခဲ့သူမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က ပစ်မှတ်ထား ပစ်ခတ်မှု (Targeted Attack) ဖြစ်သည်ဟု ကနဦးယူဆထားသည်။

news-view-count-icon

34