back

ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့အပြား၌ ရက်ရှည်မိုးရွာသွန်းနိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခန့်မှန်း

Dec 01 • 2:55 AM

breaking-news

မြန်မာ

မွန်

cover

ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့အပြား၌ ရက်ရှည်မိုးရွာသွန်းနိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခန့်မှန်း

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အနှံ့အပြား၌ ရက်ရှည်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ)၏ န...

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အနှံ့အပြား၌ ရက်ရှည်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ)၏ နိုဝင်ဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ၄ ရက်မှ ၇ ရက်ခန့် ရက်ရှည်မိုးရွာသွန်းနိုင်ပြီး၊ အဆိုပါဒေသများတွင် ရွာသွန်းမြဲထက် ပိုမိုနိုင်ကြောင်း ခန့်မှန်းထားသည်။ ကျန်တိုင်းနှင့်ပြည်နယ်များဖြစ်သည့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့အပါအဝင် ဒေသများတွင်မူ ၁ ရက်မှ ၃ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြထားသည်။

news-view-count-icon

37