ဘန်ကောက်မြို့၏ လေထုအရည်အသွေးသည် ကျန်းမာရေးကို စတင်ထိခိုက်နိုင်သည့် လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) က နိုဝင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တိုင်းတာချက်များအရ လေထုထဲရှိ PM2.5 ပမာဏသည် သတ်မှတ်စံချိန် 37.5 µg/m³ ထက် ကျော်လွန်၍ ပျမ်းမျှ 42.6 µg/m³ အထိ ရှိနေကြောင်း၊ ဤအခြေအနေသည် ဒီဇင်ဘာ ၂ ရက်နေ့လောက်အထိ ဆက်လက်ရှိနေနိုင်ကြောင်း ခန့်မှန်းထားသည်။
ဘန်ကောက်၌ လေထုညစ်ညမ်းမှု မြင့်မား၍ ကျန်းမာရေးထိခိုက်နိုင်သည့်အဆင့်သို့ ရောက်ရှိ၊ Mask တပ်ရန် တိုက်တွန်း
Dec 01 • 2:52 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


