နိုဝင်ဘာလ ၂၉ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်များတွင် ဘာစီလိုနာအသင်းသည် ဒီပေါ်တီဗို အလာဗက်စ်ကို အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။ အဆိုပါပွဲတွင် အလာဗက်စ်က ပွဲအစမှာပင် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ရာဖင်ညာ၏ ခြေစွမ်းကြောင့် ဘာစီလိုနာအတွက် လာမင်း ယမားလ်နှင့် ဒါနီ အိုလ်မို (၂ ဂိုး) တို့က ဂိုးများသွင်းယူခဲ့ကြသည်။ ထို့ပြင် အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း အမှတ်ပေးဇယားအောက်ဆုံးမှ အိုဗီယေဒိုကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ကို ဆက်လက်ဖိအားပေးထားနိုင်ခဲ့ကြောင်း သိရသည်။
Dec 01 • 2:46 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 46 | 0 | 0 | 0 |


