back

ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆမ်မြူရယ် အီတူး ပြန်လည်ရွေးကောက်တင်မြှောက်ခံရ

Dec 01 • 2:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆမ်မြူရယ် အီတူး ပြန်လည်ရွေးကောက်တင်မြှောက်ခံရ

အာဖရိကတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့သူ ကင်မရွန်းဂန္ထဝင် ကစားသမား ဆမ်မြူရယ် အီတူး သည် ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ပြန်လည်...

အာဖရိကတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့သူ ကင်မရွန်းဂန္ထဝင် ကစားသမား ဆမ်မြူရယ် အီတူး သည် ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရသည်။ အသက် ၄၄ နှစ်အရွယ်ရှိ အီတူးသည် ဥက္ကဋ္ဌရာထူးအတွက် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အထွေထွေညီလာခံမှ ဆန္ဒမဲ ၈၇ မဲအနက် ၈၅ မဲ ရရှိကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ အီတူးသည် ၂၀၂၁ ခုနှစ်တွင် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး ယခုအခါ ၂၀၂၉ ခုနှစ်အထိ ၄ နှစ်ကြာ တာဝန်ထမ်းဆောင်မည့် ဥက္ကဋ္ဌသက်တမ်းအသစ်ကို ရရှိခဲ့သည်။ ၎င်းသည် ဘာစီလိုနာ၊ အင်တာမီလန်နှင့် ချဲလ်ဆီးတို့ကဲ့သို့ နာမည်ကြီးကလပ်အသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး၊ ကင်မရွန်းလက်ရွေးစင်အသင်းကိုလည်း အာဖရိကနိုင်ငံများ ချန်ပီယံဖလား ၂ ကြိမ်နှင့် အိုလံပစ်ရွှေတံဆိပ်ဆု ရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်သည်။

news-view-count-icon

46