တရုတ်ပြည်မကြီးတာဝန်ရှိသူများသည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော လူနေအဆောက်အအုံ မီးလောင်ကျွမ်းမှုနောက်ပိုင်း ဘေးအန္တရာယ် တုံ့ပြန်ကယ်ဆယ်ရေးအတွက် အရေးပေါ်ထောက်ပံ့မှုများ ညှိနှိုင်းဆောင်ရွက်ပေးရန် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ယန္တရားတစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန (MEM) က ပြောကြားခဲ့သည်။ မီးလောင်မှုကြောင့် လူပေါင်း ၁၂၈ ဦး၏အသက်များ ဆုံးရှုံးခဲ့ရသည့်အတွက် MEM က သယ်ရလွယ်သော ပြင်ပသုံးအားသွင်းစက်များ၊ အသက်ရှူကိရိယာများ၊ အကာအကွယ်ဝတ်စုံများ၊ ခေါင်းစွပ်ဓာတ်မီးများနှင့် ရေလုံဘွတ်ဖိနပ်များပါဝင်သော ကူညီထောက်ပံ့မှုအစီအစဉ်တစ်ခုကို HKSAR အစိုးရထံ ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် အမျိုးသား မီးသတ်နှင့် ကယ်ဆယ်ရေးစီမံခန့်ခွဲမှုဌာနကလည်း မီးလုံးပါသော ဒရုန်းများ၊ ကင်းထောက်ဒရုန်းများနှင့် မီးသတ်ဘွတ်ဖိနပ်များအပါအဝင် အကာအကွယ်ပစ္စည်းများကို ထပ်မံဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။
Dec 01 • 2:44 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


