မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ရာပေါင်းများစွာသော အဆောက်အအုံများမှ ဖြိုဖျက်ရာတွင် ထွက်ရှိလာသည့် အုတ်ကျိုးအုတ်ပဲ့များကို မြေကွက်များအတွင်း မြေဖို့ရန်အတွက် စျေးသက်သာစွာဖြင့် ပြန်လည်ဝယ်ယူအသုံးပြုလာကြကြောင်း ဒေသခံများက ပြောသည်။ ယခင်က လမ်းဘေးတွင် အလကားရခဲ့သော်လည်း ယခုအခါ မြေကြီးဝယ်ယူအသုံးပြုခြင်းထက် စျေးသက်သာသည့်အတွက် ဝယ်ယူသူများလာပြီး အုတ်ကျိုးအုတ်ပဲ့များကို ကားတစ်စီးလျှင် ငွေကျပ် ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိ ပေး၍ ဝယ်ယူနေရကြောင်း ပုသိမ်ကြီးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ငလျင်ဒဏ်ခံရသည့် အဆောက်အအုံပျက်များမှ အုတ်ကျိုးအုတ်ပဲ့များကို မြေဖို့ရန်အတွက် စျေးသက်သာစွာဖြင့် ဝယ်ယူလာကြ
Dec 01 • 2:43 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 20 | 0 | 0 | 0 |



