မြန်မာနိုင်ငံတွင် လာနီညာ (La Niña) ဖြစ်စဉ်ကြောင့် ဒီဇင်ဘာလ၏ ပထမ ၁၀ ရက်ပတ်အတွင်း ဒေသအချို့၌ ညအပူချိန်များ လျော့နည်းခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း စသည့် ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ ဒီဇင်ဘာလ ပထမ ၁၀ ရက်ပတ်အတွင်း အဆိုပါ လာနီညာအဆင့်သည် အားအနည်းငယ်ရှိသည့် အဆင့်တွင် ဆက်လက်တည်ရှိနိုင်သေးကြောင်း သိရသည်။ လာနီညာဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကြောင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လာနီညာဖြစ်စဉ်ကြောင့် ဒီဇင်ဘာလ ပထမ ၁၀ ရက်အတွင်း ညအပူချိန်လျော့နည်းပြီး အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်
Dec 01 • 2:39 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 55 | 0 | 0 | 0 |


