back

Airbus A320 လေယာဉ်များ အရေးပေါ်ပြင်ဆင်ရန် လိုအပ်၍ ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းများ အခက်တွေ့

Dec 01 • 2:40 AM

breaking-news

မြန်မာ

ပြည်ပ

cover

Airbus A320 လေယာဉ်များ အရေးပေါ်ပြင်ဆင်ရန် လိုအပ်၍ ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းများ အခက်တွေ့

Airbus ကုမ္ပဏီမှ ထုတ်လုပ်သည့် A320 အမျိုးအစား လေယာဉ်များကို အရေးပေါ် ပြင်ဆင်မွမ်းမံမှုများ လိုအပ်နေခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လေကြောင်းလိုင်းများတွင် ခရီးစဉ်...

Airbus ကုမ္ပဏီမှ ထုတ်လုပ်သည့် A320 အမျိုးအစား လေယာဉ်များကို အရေးပေါ် ပြင်ဆင်မွမ်းမံမှုများ လိုအပ်နေခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လေကြောင်းလိုင်းများတွင် ခရီးစဉ် ပြေးဆွဲမှုများ နှောင့်နှေးနိုင်ကြောင်း သတိပေးထားသည်။ Airbus က ၎င်းတို့ထုတ်လုပ်ထားသော စုစုပေါင်း လေယာဉ် ၆,၀၀၀ ခန့်တွင် အလွန်စူးရှပြင်းထန်သော နေရောင်ခြည်သည် လေယာဉ်၏ ဒစ်ဂျစ်တယ် အချက်အလက်ပေးပို့မှုများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် ပြဿနာတစ်ရပ်ကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် လေကြောင်းလိုင်းများအား ပြန်လည်ပြုပြင်ရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ပြဿနာမှာ ကြီးမားသော်လည်း လေယာဉ်အများစုတွင် ရိုးရှင်းသော software အဆင့်မြှင့်တင်မှုဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယူဆရသော်လည်း၊ ဤမဖြစ်မနေ လုပ်ဆောင်ရမည့် အခြေအနေကြောင့် ခရီးသည်များနှင့် ဖောက်သည်များအတွက် လုပ်ငန်းပိုင်းဆိုင်ရာ အနှောင့်အယှက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ကုမ္ပဏီက မေတ္တာရပ်ခံထားသည်။

news-view-count-icon

31