back

အမေရိကန် သမ္မတ ထရမ့်ရဲ့ နာမည်အသုံးပြု ငွေလိမ်သူတွေ ထိုင်းမှာ ဖမ်းခံရ

Dec 01 • 2:01 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

အမေရိကန် သမ္မတ ထရမ့်ရဲ့ နာမည်အသုံးပြု ငွေလိမ်သူတွေ ထိုင်းမှာ ဖမ်းခံရ

ထိုင်းနိုင်ငံ Khon Kaen, Amnat Charoen, Ubon Ratchathani, Pathum Thani, Nonthaburi နဲ့ ဘန်ကောက်တို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က နိုင်ငံခြားသား ၆ ယောက်ကို ငွေလိမ်လည...

ထိုင်းနိုင်ငံ Khon Kaen, Amnat Charoen, Ubon Ratchathani, Pathum Thani, Nonthaburi နဲ့ ဘန်ကောက်တို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က နိုင်ငံခြားသား ၆ ယောက်ကို ငွေလိမ်လည်မှုနဲ့ ထိုင်းအထူး စုံစမ်းရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။အဓိက တရားခံက Athinath အမည်ရ အသက် ၅၇ နှစ်အရွယ် လူကြီးဖြစ်ပြီး သူနဲ့ အပေါင်းအပါ ၅ ဦးကို ငွေလိမ်မှု၊ ချေးငွေလိမ်လည်ရယူမှုစတာတွေနဲ့ ဖမ်းဆီးခဲ့တာပါ။ ဒီလူတွေနဲ့အတူ ဖုန်း ၈ လုံး၊ လက်တော့ပ် ၃ လုံး၊ တက်ဘလက် ၁ လုံး၊ ဘဏ်စာအုပ် ၂၂ အုပ်၊ နိုင်ငံခြားလုပ်ငန်းခွင့်ပြုချက်တွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း ၃၃ ခုအပြင် ထရမ့်လက်မှတ်ပါတဲ့ အမေရိကန်ဒေါ်လာ ၇၈၃.၈ သန်းတန် ပိတ်ဆိုမှု ဖြေလျှော့ခြင်း လက်မှတ်ဆိုပြီး စာရွက်တွေနဲ့ ပါ ဖမ်းဆီးမိခဲ့တာပါ။ဒီလူတွေက ထရမ့်ကိုယ်တိုင် ထောက်ခံမှုပြုထားတဲ့ နိုင်ဂျီးရီးယားအခြေစိုက် ရေနံရန်ပုံငွေ အစီအစဥ်လို့ပြောပြီး အပြစ်မဲ့သူတွေဆီကနေ ဘတ် ၁၃ သန်းထိ လိမ်လည်ခဲ့တာဖြစ်ပါသည်။

news-view-count-icon

19