ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ နေပြည်တော်- ရန်ကုန်ဘက်အခြမ်း၊ မိုင်တိုင်အမှတ်(၆၉/၂)တွင် ယနေ့ ဒီဇင်ဘာလ ၁ရက်နေ့ မနက် ၅နာရီ ၁၀မိနစ်အချိန်ခန့်တွင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါသည်။ထို့ကြောင့် ဥသျှစ်ကုန်းအမြန်လမ်းမီသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြင့်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၅)ဦးအနက် မ(၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား အမြန်လမ်းအရေးပေါ်သူနာတင်ယာဉ်(၁၉၂)ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
Dec 01 • 2:00 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 23 | 0 | 0 | 0 |


