ထိုင်းနိုင်ငံ၊ဘန်ကောက်ရာသီဥတုက ဒီရက်ပိုင်း အေးနေဦးမှာဖြစ်ပြီး ကြာသပတေးနေ့အထိ အပူချိန် ၁၆-၁၉ ဒီဂရီဆဲလ်စီးယပ်စ်လောက်ပဲရှိမယ်လို့ ထိုင်းမိုးဇလက ထုတ်ပြန်ထားပါတယ်။ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းကတော့ အပူချိန် လက်ရှိ ရှိနေတာထက် ထပ်ကျမှာဖြစ်ပြီး အလယ်ပိုင်းဒေသတွေကတော့ ၁-၂ ဒီဂရီလောက်ထပ်ကျနိုင်ပါတယ်။ ဘန်ကောက်မှာဆိုရင် မနက်စောစောနဲ့ ညဘက်တော့ အေးမှာဖြစ်ပြီး နေ့လယ်ပိုင်းတွေကတော့ နည်းနည်းပူဦးမှာပါ။ ဘန်ကောက်ရဲ့ အပူချိန်က ဗုဒ္ဓဟူးနေ့အထိ 16 ဒီဂရီရှိမှာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ 19 ဒီဂရီအထိ မြင့်တက်သွားမှာဖြစ်တယ်လို့ ထိုင်းမိုးဇလက ခန့်မှန်းထားပါတယ်။



