back

မဲဆောက်တွင် မြန်မာအမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး

Nov 30 • 3:29 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မဲဆောက်တွင် မြန်မာအမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် နိုဝင်ဘာလ ၃၀ ရက် ည ၇ နာရီခန့်၌ ဟိုက်ယက်ကုန်တိုက်အနီးလမ်းဆုံတွင် ယာဉ်တိုက်မှုကြောင့် မြန်မာအမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသည်။သေဆ...

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် နိုဝင်ဘာလ ၃၀ ရက် ည ၇ နာရီခန့်၌ ဟိုက်ယက်ကုန်တိုက်အနီးလမ်းဆုံတွင် ယာဉ်တိုက်မှုကြောင့် မြန်မာအမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသည်။သေဆုံးသူအမျိုးသမီးမှာ အသက် ၄၄ နှစ်အရွယ် မဥမ္မာဖြစ်ပြီး မဲဆောက်မြို့ ဘမ့်ဆောင်ခွဲရပ်ကွက်၊ လိုတပ်ကုန်တိုက်အကြီးနောက်ဘက်ပိုင်းတွင် နေထိုင်ကာ နေ့စားအလုပ်များလုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု ကနဦးသိရှိရသည်။အခင်းဖြစ်ပွားပြီးနောက် လဲကျနေသော မဥမ္မာအား အရေးပေါ်အသက်ကယ်ပြုစုနည်းများပြုလုပ်ပေးခဲ့သော် ပြင်းထန်သော ဒဏ်ရာရရှိမှုကြောင့် သေဆုံးခဲ့ရသည်။




news-view-count-icon

11