back

လှည်းတန်း ပြည်လမ်းပေါ် လူကူးတံတားပေါ်ကနေ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံး

Nov 30 • 3:28 PM

breaking-news

မြန်မာ

ရန်ကုန်

cover

လှည်းတန်း ပြည်လမ်းပေါ် လူကူးတံတားပေါ်ကနေ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံး

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်ရှိ၊ မာလာဆောင်ရှေ့ လူကူးတံတားပေါ်ကနေ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံးမှု မနေ့က နိုဝင်ဘာ ၂၉ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဖ...

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်ရှိ၊ မာလာဆောင်ရှေ့ လူကူးတံတားပေါ်ကနေ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံးမှု မနေ့က နိုဝင်ဘာ ၂၉ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ လှည်းတန်းလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ပြုတ်ကျတဲ့ အမျိုးသမီးငယ်မှာ အသက် ၂၀ ကျော်အရွယ်လို့ ခန့်မှန်းရပြီး ဘယ်သူ၊ ဘယ်ဝါ ဖြစ်ကြောင်းနဲ့ ဘယ်မှာနေထိုင်ကြောင်း လတ်တလော ဘာမှမသိရှိရသေးဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။ပြုတ်ကျပြီး ခြေ၊ လက်၊ ခါးနဲ့ ပခုံးအရိုးထိခိုက်ထားတဲ့ အဆိုပါအမျိုးသမီးငယ်ကို လှည်းတန်းလူမှုကူညီရေးအသင်းမှ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဆီ ကူညီပို့ဆောင်ပေးခဲ့ရာ ည (၁၁) နာရီအချိန်မှာ ဆုံးပါးသွားတယ်လို့လည်း သိရပါတယ်။




news-view-count-icon

46