၂၀၂၅ ခုနှစ် မတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့မှ ဆင်ကြီးနှစ်ကောင်ရုပ်တုကို ပြန်လည်ပြုပြင်မွမ်းမံမှုပြီးစီးပြီဖြစ်ကြောင်း သိရသည်။သမိုင်းဝင် ဆင်ကြီးနှစ်ကောင်ရုပ်တုသည် သက်တမ်း (၁၇၇)နှစ် နီးပါးရှိပြီဖြစ်ကာ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျ-က်စီးမှုများရှိခဲ့ခြင်း ဖြစ်သည်။ငလျင်ကြီးအတွင်း ဆင်ကြီးနှစ်ကောင်ရုပ်တုသည် လက်ဝဲဘက်ဆင်ကြီး၌ ပြိုကျပျ-က်စီးမှုဖြစ်ခဲ့ကာ လက်ယာဘက်ဆင်ကြီး၌လည်း ရှေ့ဘယ်ဘက်ခြေ ကျိုးပြ-တ်ကွဲအက်မှုများဖြစ်ပေါ်ခဲ့သည်ဟု မန္တလေးသတင်းကွန်ရက်၏ ဖော်ပြမှုအရ သိရသည်။



