ရှမ်းပြည်နယ်ေမြာက်ပိုင်း၊ သီပေါမြို့အထွက် သီပေါ တံတားကနေ ဒီနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ကစ ကားကြီး ခါလီတွေ စတင်ပေးဖြတ်နေပြီဖြစ်ကြောင်း ကားကြီး သမားတွေဆီက သိရပါတယ်။ ဒီနေ့ မနက်ကစ သီပေါ တံတား ကနေ တွဲကား ခါလီ ဖြတ်လို့ရပြီလို့ ပြောတယ်။" လို့ ကုန်တင်ယာဉ်မောင်း တစ်ယောက်က ပြောပါတယ်။ ကားဖြတ်သန်းခ ကောက်ခံတာ ရှိမရှိတော့ မသိရဘူးလို့ သူက ပြောပါတယ်။ ခါလီပဲ ပေးဖြတ်ရင်တောင် မဆိုးပါဘူး။ ဝောာင်ပိုင်းကနေ ပတ်ပြန် စရာမလိုတော့ အဆင်ပြေတာပေါ့" လို့ နောက်ထပ် ယာဉ်မောင်း တယောက်က ပြောပါတယ်။ မန္တလေးကနေ လားရှိုးကို ရှမ်းပြည်နယ် တောင်ပိုင်းကနေ ပတ်ပြီး ကုန်တင်ကားနဲ့ တက်လာမယ် ဆိုရင် လေးညအိပ်၊ ငါးရက် ခန့်ကြာပေမယ့် မန္တလေး - လားရှိုး ပြည်ထောင်စု လမ်းမ ကြီးကနေ ဒဲ့ ဖြတ်သန်းခွင့် ရရင်တော့ ညအိပ်ဖို့ မလို တဲ့ အထိ အချိန်ကုန် သက်သာတယ်လို့ သူက ပြောပါတယ်။



