back

မန္တလေးတွင် ငလျင်ထိ အဆောက်အအုံပျက်များမှ အုတ်ကျိုးအုတ်ပဲ့များ မြေဖို့ရန်အတွက်ဝယ်ယူမှုများရှိလာ

Nov 30 • 4:46 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတွင် ငလျင်ထိ အဆောက်အအုံပျက်များမှ အုတ်ကျိုးအုတ်ပဲ့များ မြေဖို့ရန်အတွက်ဝယ်ယူမှုများရှိလာ

မန္တလေးမြို့တွင် မြေကွက်များအတွင်းမြေဖို့ရန်အတွက် ငလျင်ထိ အဆောက်အအုံပျက်များမှ ဖြိုဖျက်ရာမှာ ထွက်လာသည့် အုတ်ကျိုးအုတ်ပဲ့များကို စျေးသက်သာသဖြင့် ဝယ်ယူအသုံးပြုလာက...

မန္တလေးမြို့တွင် မြေကွက်များအတွင်းမြေဖို့ရန်အတွက် ငလျင်ထိ အဆောက်အအုံပျက်များမှ ဖြိုဖျက်ရာမှာ ထွက်လာသည့် အုတ်ကျိုးအုတ်ပဲ့များကို စျေးသက်သာသဖြင့် ဝယ်ယူအသုံးပြုလာကြကြောင်း ဒေသခံများကပြောသည်။ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် ရာပေါင်းများစွာသောအဆောက်အဦများမှထွက်ရှိလာသည့်အုတ်ကျိုးအုတ်ပဲ့များကိုပြန်လည်အသုံးပြုလာခြင်းဖြစ်သည်။ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့်အဆောက်အဦများမှထွက်ရှိလာသောအုတ်နှင့်သံများကိုခွာယူရာမှထွက်ရှိလာသည့်ပြန်လည်အသုံးပြု၍မရရှိနိုင်သော အုတ်ကျိုးအုတ်ပဲ့များကို ကားတစ်စီးလျှင်ငွေကျပ် ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိပေးကာဝယ်ယူရကြောင်းဒေသခံများကဆိုသည်။

news-view-count-icon

20