back

ဖူးခက်မှာ ဆိုင်ကယ်မီးနီဖြတ်မောင်းမိလို့ နိုင်ငံခြားသား ၃ ဦး ဒဏ်ကြေးပေးဆောင်ရ

Nov 30 • 4:45 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဖူးခက်မှာ ဆိုင်ကယ်မီးနီဖြတ်မောင်းမိလို့ နိုင်ငံခြားသား ၃ ဦး ဒဏ်ကြေးပေးဆောင်ရ

ထိုင်းလူမျိုးတစ်ဦးရဲ့ တာဝန်သိသိ အသိပေးမှုကြောင့် အွန်လိုင်းမှာ နာမည်ကြီးသွားတဲ့ ကိစ္စကတဆင့် မီးနီဖြတ်မိတဲ့ နိုင်ငံခြားသား ၃ ဦး ဒဏ်ကြေးဆောင်လိုက်ရပါတယ်။ အဲ့ ဗီဒီ...

ထိုင်းလူမျိုးတစ်ဦးရဲ့ တာဝန်သိသိ အသိပေးမှုကြောင့် အွန်လိုင်းမှာ နာမည်ကြီးသွားတဲ့ ကိစ္စကတဆင့် မီးနီဖြတ်မိတဲ့ နိုင်ငံခြားသား ၃ ဦး ဒဏ်ကြေးဆောင်လိုက်ရပါတယ်။ အဲ့ ဗီဒီယိုက အွန်လိုင်းမှာ နာမည်ကြီးသွားတာဖြစ်ပြီး ဗီဒီယိုမှာ မီးနီနေချိန် နိုင်ငံခြားသား ၃ ဦး မီးနီဖြတ်သွားတာကို လက်ညှိုးထိုးပြရင်း - “မြင်လား၊ မြင်လား၊ သူတို့ မီးနီဖြတ်သွားပြီ၊ တော်တော်ယုတ်မာတဲ့ကောင်တွေ” လို့ပြောခဲ့တာပါ။ဒီလူတွေအကုန်လုံးကို CCTV တဆင့် ဖမ်းဆီးခဲ့ပြီး တစ်ယောက်ကို ဘတ် ၄ ထောင် ဆောင်လိုက်ရပါတယ်။ထိုင်း ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကတော့ ဒီပြစ်ဒဏ်က သိပ်မပြင်းထန်ဘူးလို့ ယူဆနေပြီး ထိထိရောက်ရောက် အရေးယူဖို့ တိုက်တွန်းနေကြပါတယ်။

news-view-count-icon

23