မကွေးတိုင်းဒေသကြီးအတွင်း ကြက်ဥများကို လုံလောက်စွာ ရရှိစားသုံးနိုင်စေရန် ဥစားကြက်မွေးမြူရေးဇုန်ကို ဖော်ဆောင်နေကြောင်း မကွေးတိုင်းဒေသကြီးသမဝါယမအသင်းမှ သိရပါတယ်။အဆိုပါမွေးမြူရေးဇုန်ကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအနီးရှိ ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန်ထဲတွင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိမှာ ဥစားကြက်မွေးမြူရေး ဇုန်အတွင်း ကြက်ခြံ ၆ ခြံနှင့် ဥစားကြက်အကောင်ရေ ၁ သောင်းကျော်ကို မွေးမြူထားကြောင်းလည်း သိရပါတယ်။လက်ရှိမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ရွှေတင့်တူး စိုက်ပျိုးရေးမွေးမြူရေးဇုန်ကို ပထမအဆင့်အဖြစ် မြေလွတ်မြေရိုင်း ဧက ၁၅၀ ပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး ဥစားကြက်မွေးမြူရေးဇုန်အပါအဝင် စပါးစိုက်ပျိုးရေးဇုန်များပါဝင်တယ်လို့ သိရပါတယ်။
| 41 | 0 | 0 | 0 |


