back

ရှမ်းပြည်နယ်၊မိုင်းဆတ်မြို့ပေါ် ကေတီဗီများတွင် မူးယစ်ဆေးမျိုးစုံ ရနေကာ အရေးယူမခံရဖြစ်နေ

Nov 30 • 4:43 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊မိုင်းဆတ်မြို့ပေါ် ကေတီဗီများတွင် မူးယစ်ဆေးမျိုးစုံ ရနေကာ အရေးယူမခံရဖြစ်နေ

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ပေါ်၌ရှိသည့် ကေတီဗီ၊ ဘားနှင့် စားသောက်ဆိုင်များတွင် မူးယစ်ဆေးမျိုးစုံ တရားဝင်သဖွယ် ရရှိနေသော်လည်း အုပ်ချုပ်ရေးပိုင်းက လာဘ်ငွ...

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ပေါ်၌ရှိသည့် ကေတီဗီ၊ ဘားနှင့် စားသောက်ဆိုင်များတွင် မူးယစ်ဆေးမျိုးစုံ တရားဝင်သဖွယ် ရရှိနေသော်လည်း အုပ်ချုပ်ရေးပိုင်းက လာဘ်ငွေယူပြီး မသိချင်ယောင်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။ယင်းအတွက် လူကြီး၊ လူငယ်အများစု ပျက်စီးလာနေသဖြင့် ဒေသခံများလက်မခံဘဲ ကန့်ကွက်နေကြောင်း သိရသည်။ထို့ပြင် မိုင်းဆတ်မြို့ပေါ်၌ ဘိန်းစာရွက်မှ ချက်ထားသည့် 'ကထော' ခေါ် မူးယစ်အရည်တစ်မျိုးကို ပရိုမိုးရှင်းအနေဖြင့် တစ်ဗူးဝယ် တစ်ဗူးအပိုပေးသည်အထိ အပြိုင်အဆိုင် ရောင်းချလာနေကြကြောင်း သိရသည်။

news-view-count-icon

22