တရုတ်နိုင်ငံ၏ ချင်းဟွာတက္ကသိုလ်က ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီရှိ တက္ကသိုလ်အဆင့်ပညာရေး၌ ဥာဏ်ရည်တု (AI) ၏ အသွင်ပြောင်းအလားအလာနှင့် စိန်ခေါ်မှုများအကြောင်း အများပြည်သူဟောပြောပွဲတစ်ခုကို နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည်။ချင်းဟွာတက္ကသိုလ်နှင့် နိုင်ရိုဘီတက္ကသိုလ်တို့သည် ကျောင်းသားနှင့် ဆရာ၊ ဆရာမများ ဖလှယ်မှုများ၊ သိပ္ပံသုတေသန ပူးပေါင်းဆောင်ရွက်မှုများနှင့် အဖွဲ့အစည်းနှစ်ခုအကြား AI-အသုံးချ ပညာရေးအစီအစဉ်များ မြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။နိုင်ရိုဘီတက္ကသိုလ်၏ ယာယီဒုတိယအဓိပတိ Margaret Jesang Hutchinson ကလည်း နိုင်ရိုဘီတက္ကသိုလ်အနေဖြင့် သုတေသနနှင့် စီးပွားဖြစ်လုပ်ငန်းကို မြှင့်တင်ရန်အတွက် AI နည်းပညာအသုံးချသည့် AI သင်ကြားရေးကျောင်း တည်ထောင်ရန် ကြိုးပမ်းမှုများအား အရှိန်မြှင့်တင်လျက်ရှိသည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ချင်းဟွာတက္ကသိုလ်က ကင်ညာနိုင်ငံရှိ တက္ကသိုလ်အဆင့်ကျောင်းများအပေါ် AI ၏ သက်ရောက်မှုဆိုင်ရာ ဟောပြောပွဲ ကျင်းပ
Nov 30 • 4:42 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


