တောင်တရုတ်ပင်လယ်ရှိ ဟွမ်ရန်သောင်ဧရိယာသည် အကောင်းဆုံးပင်လယ်ပြင်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် အရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားကြောင်း တရားဝင်အစီရင်ခံစာတစ်စောင်က နိုဝင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။အဆိုပါဒေသရှိ ပင်လယ်ရေနှင့် နုန်းအရည်အသွေးသည် အဆင့်တစ်တွင် ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် တွေ့ရှိရသည်။ အဆိပ်သင့်သတ္တုများနှင့် ရေနံဟိုက်ဒရိုကာဗွန်များအပါအဝင် ငါးနမူနာများတွင်တွေ့ရသော ညစ်ညမ်းမှုအဆင့်သည် အကဲဖြတ်စံချိန်စံညွှန်းအောက်တွင်သာရှိပြီး ပင်လယ်ရေ၊ နုန်းနှင့် ငါးများတွင် ဆိုင်ယာနိုက် လုံးဝမတွေ့ရှိရကြောင်း သိရသည်။တရုတ်နိုင်ငံသည် ဟွမ်ရန်သောင် အမျိုးသားသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေကို ယခုနှစ်အစောပိုင်းက တည်ထောင်ခဲ့သည်။ နိုင်ငံ၏တောင်ဘက်စွန်းပိုင်း ဟိုင်နန်ကျွန်း ဆန်းရှားမြို့၌ တည်ရှိပြီး ဧရိယာ ၃၅၂၃.၆၇ ဟက်တာ ကျယ်ဝန်းကြောင်းသိရသည်။
Nov 30 • 4:41 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


