back

ရန်ကုန် လှိုင်သာယာရှိ Jin Kai Hai အထည်ချုပ်စက်ရုံမှ နိုင်ငံခြားသားများက အလုပ်သမားများကို ဆဲဆိုခိုင်းစေ

Nov 30 • 2:56 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန် လှိုင်သာယာရှိ Jin Kai Hai အထည်ချုပ်စက်ရုံမှ နိုင်ငံခြားသားများက အလုပ်သမားများကို ဆဲဆိုခိုင်းစေ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ Jin Kai Hai Co.Ltd ပိုင် အထည်ချုပ်စက်ရုံမှ တရုတ်လူမျိုး နိုင်ငံခြားသားများက အလုပ်သမားများကို မတရားစံချိန်များ တောင်း...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ Jin Kai Hai Co.Ltd ပိုင် အထည်ချုပ်စက်ရုံမှ တရုတ်လူမျိုး နိုင်ငံခြားသားများက အလုပ်သမားများကို မတရားစံချိန်များ တောင်းဆိုခြင်းနှင့် ဆဲဆိုခိုင်းစေခြင်းများ ပြုလုပ်နေကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားများက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) သို့ ပြောသည်။ အလုပ်သမားများ၏ ပြောကြားချက်အရ စံချိန်မပြည့်ပါက စက်ရုံပိုင်ရှင်ကိုယ်တိုင်က ဆဲဆိုခြင်းများ ပြုလုပ်ကြောင်း၊ ထို့ပြင် သီတင်းကျွတ်ပိတ်ရက် ၁၅ ရက် ပိတ်ခဲ့ရာ၌ လုပ်ခလစာကို ဥပဒေနှင့်အညီ အပြည့်အဝ မပေးဘဲ ရက်မှန်ကြေးကိုလည်း ပေးအပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။ ထို့အပြင် အလုပ်သမားများ၏ ဥပဒေအရ ခံစားခွင့်များဖြစ်သော ရှောင်တခင်ခွင့်၊ ဆေးခွင့်များကို ခံစားခွင့်မပေးဘဲ အလုပ်တစ်ရက်ပျက်လျှင် ကျပ် ၃၅,၀၀၀ ကျော် ဖြတ်တောက်ခံရကြောင်း၊ လုပ်ငန်းခွင်အတွင်း သောက်ရေနှင့် သန့်စင်ခန်းများပါ ကောင်းမွန်မှုမရှိကြောင်း အလုပ်သမားများက ပြောကြားခဲ့သည်။

news-view-count-icon

12