back

မန္တလေး၌ ငလျင်လှုပ်ပြီး ၈ လကျော်ကြာသည်အထိ ပျက်စီးသွားသည့် အဆောက်အအုံအချို့ ပြန်ပြင်ခွင့်မရသေး

Nov 30 • 2:54 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး၌ ငလျင်လှုပ်ပြီး ၈ လကျော်ကြာသည်အထိ ပျက်စီးသွားသည့် အဆောက်အအုံအချို့ ပြန်ပြင်ခွင့်မရသေး

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် လူနေအဆောက်အအုံ ရာနှင့်ချီ ပျက်စီးခဲ့ရာတွင် ၈ လကျော်ကြာသည်အထိ ငလျင်ဒဏ်သင့် လူနေအဆောက်အအုံအချ...

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် လူနေအဆောက်အအုံ ရာနှင့်ချီ ပျက်စီးခဲ့ရာတွင် ၈ လကျော်ကြာသည်အထိ ငလျင်ဒဏ်သင့် လူနေအဆောက်အအုံအချို့ကို ပြန်လည်ပြုပြင်ဆောက်လုပ်ခွင့် မရသေးကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ သက်ဆိုင်ရာမှ မည်သည့်ညွှန်ကြားချက်မှ မလာသေးသလို၊ မိမိတို့အစီအစဉ်ဖြင့် ပြန်လည်ပြင်ဆင်ရန် တင်ပြတောင်းဆိုသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသဖြင့် ငလျင်ဒဏ်သင့်ပြည်သူ ၃,၀၀၀ ခန့်မှာ အခက်အခဲကြုံတွေ့ကာ လမ်းဘေးတွင် တဲထိုး၍ နေထိုင်နေရကြောင်း ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရက ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၉၀၀ ကျော် ထောက်ပံ့ပေးသွားမည်ဟု အောက်တိုဘာလ ၁၃ ရက်နေ့က တရားဝင်ပြောဆိုထားသော်လည်း လက်တွေ့တွင် ထိခိုက်ခဲ့သူများမှာ အထောက်အပံ့ကောင်းကောင်း မရသေးကြောင်း သိရသည်။

news-view-count-icon

25