back

ဘယ်လာရုစ်ဝန်ကြီးများအဖွဲ့ ရွှေတိဂုံစေတီတော်အား ဖူးမြှော်ကြည်ညို၍ ဗိုလ်ချုပ်ဈေးသို့ သွားရောက်လည်ပတ်

Nov 30 • 2:53 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဘယ်လာရုစ်ဝန်ကြီးများအဖွဲ့ ရွှေတိဂုံစေတီတော်အား ဖူးမြှော်ကြည်ညို၍ ဗိုလ်ချုပ်ဈေးသို့ သွားရောက်လည်ပတ်

ဘယ်လာရုစ်နိုင်ငံမှ စက်မှုဝန်ကြီးဌာန ဝန်ကြီး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပ...

ဘယ်လာရုစ်နိုင်ငံမှ စက်မှုဝန်ကြီးဌာန ဝန်ကြီး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ကြသည်။ ဝန်ကြီးများအဖွဲ့သည် စေတီတော်ရင်ပြင်ပေါ်ရှိ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြှော်ကြည်ညိုကာ၊ သာသနိကအဆောက်အအုံများအား ကြည့်ရှုလေ့လာခဲ့ပြီး တနင်္ဂနွေထောင့်ရှိ သာယာဝတီမင်း ခေါင်းလောင်းတော်ကြီးတွင် ခေါင်းလောင်းထိုး၍ မေတ္တာပို့ဆုတောင်းခဲ့ကြသည်။ထို့ပြင် ဘယ်လာရုစ်ဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် ဗိုလ်ချုပ်ဈေးသို့လည်း သွားရောက်လည်ပတ်ခဲ့ကြပြီး ဈေးအတွင်း ခင်းကျင်းပြသရောင်းချလျက်ရှိသည့် လက်ဝတ်ရတနာများ၊ ကျောက်စိမ်း၊ ပန်းပုပစ္စည်းများ၊ ရိုးရာအဝတ်အထည်များ၊ ရွှေခြည်ငွေခြည်ထိုး လက်ရာပစ္စည်းများနှင့် ပန်းချီပစ္စည်းများကို ကြည့်ရှုဝယ်ယူခဲ့ကြကြောင်း သိရသည်။

news-view-count-icon

23