ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ လတ်တလော ထိုင်ဝမ်နှင့်ပတ်သက်သည့် မှားယွင်းသော ပြောဆိုချက်များနှင့် ယနေ့တိုင် ပြင်ဆင်မှုမရှိသေးခြင်းအပေါ် ဂျပန်ပြည်သူလူထုက နိုဝင်ဘာလ ၂၈ ရက်ညပိုင်းတွင် တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ရှေ့၌ ဆန္ဒပြ စုဝေးပွဲတစ်ရပ် ထပ်မံကျင်းပခဲ့သည်။ ယင်းဆန္ဒပြပွဲတွင် လူရာနှင့်ချီ ပါဝင်ခဲ့ကြပြီး "တာကာအိချိ ရာထူးမှ နုတ်ထွက်" နှင့် "သမိုင်းကို မေ့လို့မရဘူး" ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ၎င်း၏ပြောဆိုချက်များကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြသူများသည် တာကာအိချိ၏ ပြောဆိုချက်များကြောင့် ဂျပန်-တရုတ် ဆက်ဆံရေး အေးစက်လာခြင်းနှင့် ဂျပန်နိုင်ငံ စစ်ဝါဒလမ်းကြောင်းသို့ ဦးတည်သွားမည်ကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
တာကာအိချိ၏ ထိုင်ဝမ်နှင့်ပတ်သက်သော မှားယွင်းသည့် ပြောဆိုချက်များအား ပြန်လည်ရုပ်သိမ်းရန် ဂျပန်ပြည်သူလူထု ထပ်မံဆန္ဒပြတောင်းဆို
Nov 30 • 2:52 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


