၂၀၂၆ အာရှ ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု G ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် မြန်မာ ယူ-၁၇ အသင်းသည် ခြေစစ်ပွဲအောင်မြင်ရန် အလွန်နီးစပ်နေပြီး ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် ဆီးရီးယားအသင်းနှင့် အဆုံးအဖြတ်ပွဲ ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုတတိယပွဲ၌ အိုမန်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရထားသောကြောင့် ဆီးရီးယားအသင်းကို ဂိုးပြတ်မရှုံးနိမ့်ပါက ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ အုပ်စုတွင်း ခြေစစ်ပွဲအောင်မြင်မှုကို Head to Head ရလဒ်ဖြင့် ဦးစားပေးဆုံးဖြတ်မည်ဖြစ်ရာ အိုမန်ကို ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ထားသည့် ဆီးရီးယားအသင်းထက် မြန်မာအသင်းက အသာစီးရနေခြင်းဖြစ်သည်။ မြန်မာအသင်းသည် အာရှ ယူ-၁၇ ပြိုင်ပွဲသမိုင်းတွင် ယခင်က လေးကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်း ၂၀၂၆ အာရှ ယူ-၁၇ ခြေစစ်ပွဲ အောင်မြင်ရေးအတွက် ယနေ့ ဆီးရီးယားနှင့် အဆုံးအဖြတ်ပွဲ ကစားမည်
Nov 30 • 2:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


