back

မော်လမြိုင် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် အရှင်စန္ဒဇောတိ ဖမ်းဆီးခံရပြီး လူဝတ်လဲ၍ အမှုဖွင့်ခံရ

Nov 30 • 2:45 AM

breaking-news

မြန်မာ

မွန်

cover

မော်လမြိုင် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် အရှင်စန္ဒဇောတိ ဖမ်းဆီးခံရပြီး လူဝတ်လဲ၍ အမှုဖွင့်ခံရ

မော်လမြိုင်မြို့နယ်၊ စျေးကြိုရပ်ကွက်ရှိ ဇေတဝန်ကျောင်းတိုက်၊ သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် အရှင်စန္ဒဇောတိကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် လူဝတ်လဲက...

မော်လမြိုင်မြို့နယ်၊ စျေးကြိုရပ်ကွက်ရှိ ဇေတဝန်ကျောင်းတိုက်၊ သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် အရှင်စန္ဒဇောတိကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် လူဝတ်လဲကာ အမှုဖွင့်အရေးယူထားကြောင်း ဒေသခံများက ပြောသည်။ ထုတ်ပြန်ချက်အရ ဆရာတော်အား နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်တွင် လှုံ့ဆော်၊ ဝါဒဖြန့် ရေးသားခဲ့ခြင်းကြောင့် တရားဥပဒေနှင့်အညီ အရေးယူခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် ဒေသခံဒကာအချို့၏ ပြောကြားချက်အရ အဓိကအားဖြင့် မော်လမြိုင်၏ အထင်ကရနေရာဖြစ်သည့် တောင်ဝိုင်းတောင် မြေဖြိုခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ရေးသားခဲ့ခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း သိရသည်။ ဖမ်းဆီးစဉ် ကား၊ ကွန်ပျူတာ အပါအဝင် ပစ္စည်းအချို့ သိမ်းဆည်းသွားခဲ့ပြီး၊ ကျောင်းဆောင်နှစ်ဆောင်ကိုလည်း ချိတ်ပိတ်သွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။

news-view-count-icon

26