မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလအထိ ၈ လတာကာလအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ၁ သိန်းခွဲနီးပါး တင်ပို့ထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ ယခုဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် ၃ သိန်းခွဲခန့် တင်ပို့ရန် လျာထားသော်လည်း ရာသီဥတုအခြေအနေနှင့် ရော်ဘာအစေးလှီးလုပ်သား ရှားပါးမှုများကြောင့် အထွက်နှုန်း မကောင်းနိုင်ကြောင်း ခန့်မှန်းထားသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ရော်ဘာတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သို့လည်း တင်ပို့လျက်ရှိသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် ၃ သိန်းဝန်းကျင် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။
Nov 30 • 2:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


