သီရိလင်္ကာနိုင်ငံတွင် ဆိုင်ကလုန်း ဒစ်ဝါ (Cyclone Divya) ကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာကာ နိုင်ငံတကာအကူအညီများ တောင်းခံခဲ့သည်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ (DMC) ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၅၃ ဦးနှင့် ပျောက်ဆုံးသူ ၁၉၁ ဦး ရှိပြီး၊ အိမ်ခြေ ၂၀၀၀၀ ကျော် ပျက်စီးခဲ့ကာ လူပေါင်း ၁၀၈၀၀၀ ခန့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့ရသည်။ အရေးပေါ်အာဏာကို သမ္မတ အနူရာကုမာရာဒစ်ဆာနာယာကီက ပြဋ္ဌာန်းခဲ့ပြီး စစ်တပ်၊ ရေတပ်နှင့် လေတပ်မှ တပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စေလွှတ်ထားသည်။ အိန္ဒိယနိုင်ငံသည် ပထမဆုံး တုံ့ပြန်သည့်အနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများနှင့် အဖွဲ့ဝင်များပါသော လေယာဉ်နှင့် ရဟတ်ယာဉ်များ စေလွှတ်ခဲ့သည်။ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ကျွန်းတစ်ဝန်းလုံး၏ သုံးပုံတစ်ပုံခန့်တွင် လျှပ်စစ်မီးနှင့် ရေပေးဝေမှု ပြတ်တောက်နေကြောင်းလည်း သိရသည်။

Nov 30 • 2:43 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


