back

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူ နိုင်ငံခြားသား ၁ သောင်းကျော်ကို ထိုင်းမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

Nov 30 • 2:42 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူ နိုင်ငံခြားသား ၁ သောင်းကျော်ကို ထိုင်းမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

မြန်မာနိုင်ငံအတွင်းသို့ ယခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၂,၈၈၂ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် ၁၀,၀၂၉ ဦးက...

မြန်မာနိုင်ငံအတွင်းသို့ ယခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၂,၈၈၂ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် ၁၀,၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်သည်။ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂,၈၅၃ ဦးကိုလည်း ပြန်လည်လွှဲပြောင်းရန် အသင့်ဖြစ်နေကြောင်း သိရသည်။ထို့ပြင် အွန်လိုင်းလိမ်လည်မှုများနှင့် လောင်းကစားမှုများ လုပ်ခဲ့သည့် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအပိုင်း (၃) အတွင်းရှိ တရားမဝင် အဆောက်အအုံ ၄၂၅ လုံးအနက် ၁၁၅ လုံးနှင့် KK Park နယ်မြေအတွင်းရှိ စုစုပေါင်း ၆၃၅ လုံးအနက် ၂၆၃ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ ရွှေကုက္ကိုလ်နယ်မြေတွင်လည်း နိုဝင်ဘာ ၂၈ ရက်အထိ တရားမဝင် ဝင်ရောက်သူ ၂,၀၄၂ ဦးနှင့် အွန်လိုင်းလိမ်လည်မှုသုံး ပစ္စည်းများ (ကွန်ပျူတာ ၃,၃၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၁,၈၇၀ လုံး အပါအဝင်) ကို ဖမ်းဆီးရမိခဲ့ပြီး၊ ၎င်းနိုင်ငံသားများကို ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားကာ ပြန်လည်လွှဲပြောင်းရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

news-view-count-icon

37