ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင်များတွင် ရေပြန်ကျသွားပြီဖြစ်သည့်အတွက် ထိုင်းမီးရထားဌာန (SRT) က ရထားလိုင်း ၄ ခုကို ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၂၇ ရက်နေ့မှစ၍ ရေကျဆင်းမှုကြောင့် အင်ဂျင်နီယာဝန်ထမ်းများက ပျက်စီးသွားသော ရထားလမ်းများကို ပြုပြင်ခြင်းနှင့် ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်နိုင်ခဲ့သည်။ လက်ရှိတွင် Krung Thep Aphiwat (ဘန်ကောက်) – Trang အမြန်ရထား (အမှတ် ၈၃/၈၄) နှင့် Krung Thep Aphiwat – Kantang အမြန်ရထား (အမှတ် ၁၆၇/၁၆၈) စသည့် အသွားအပြန် ခရီးစဉ်လမ်းကြောင်း ၂ ခု ပြေးဆွဲနေသည်။
ထိုင်းတောင်ပိုင်း ရထားခရီးစဉ်အချို့ ပြန်လည်ပြေးဆွဲ၊ ရေဘေးသင့် ဟတ်ယိုင်တွင် ပြုပြင်မှုများ ဆောင်ရွက်နေ
Nov 30 • 2:27 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


