ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့၌ ဖြစ်ပွားခဲ့သော ရေကြီးမှုတွင် မြန်မာဆောက်လုပ်ရေးအလုပ်သမားတစ်ဦး သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေကြောင်း နီးစပ်သူများနှင့် မြန်မာအလုပ်သမားရေးရာအဖွဲ့အချို့က ပြောသည်။ သေဆုံးသူတွင် ဇနီးနှင့် အမြွှာသားလေးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း နီးစပ်သည့် မြန်မာအလုပ်သမားတစ်ဦးက ပြောကြားခဲ့သည်။ ဟတ်ယိုင်မြေပြင်ရှိ ရေကြီးမှုကြောင့် စုစုပေါင်း သေဆုံးသူ ၁၄၅ ဦးရှိပြီး ဆုန်ခလာခရိုင်ထဲ၌ ၁၁၀ ဦးရှိသော်လည်း သေဆုံးသူများထဲတွင် နိုင်ငံခြားသားများ ပါဝင်မှုရှိ၊ မရှိကိုမူ ထိုင်းအာဏာပိုင်များက အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ထိုင်းတောင်ပိုင်း ဟတ်ယိုင်ရေကြီးမှု၌ မြန်မာဆောက်လုပ်ရေးအလုပ်သမားတစ်ဦး သေဆုံး၊ ရုပ်အလောင်း ဆက်လက်ရှာဖွေနေဆဲ
Nov 30 • 2:28 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


