ထိုင်းဘုရင်မင်းမြတ် Maha Vajiralongkorn သည် တောင်ပိုင်းဒေသ ရေဘေးသင့်ပြည်သူများအတွက် စိုးရိမ်ပူပန်ကြောင်းနှင့် သေဆုံးသူများ၏ မိသားစုများနှင့် ထပ်တူဝမ်းနည်းရကြောင်း မိန့်ကြားခဲ့သည်။ ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဆုန်ခလာခရိုင်၊ ဟတ်ယိုင်ခရိုင်ခွဲရှိ ဟတ်ယိုင်ဆေးရုံ (Hat Yai Hospital) ကို ပြန်လည်ထူထောင်ရေးနှင့် ပျက်စီးသွားသည့် ဆေးဘက်ဆိုင်ရာ စက်ကိရိယာများ ဝယ်ယူဖြည့်တင်းနိုင်ရန်အတွက် ဘုရင်မင်းမြတ်က ဘတ်သန်း ၁၀၀ (Baht 100 Million) ကို ပေးအပ်လှူဒါန်းခဲ့သည်။ ထို့အပြင် ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ဆေးရုံဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများကို ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့သည့်အပြင် ရှာဖွေကယ်ဆယ်ရေးနှင့် အစားအစာပို့ဆောင်ရေးတွင် အသုံးပြုနိုင်ရန်အတွက် မောင်းသူမဲ့လေယာဉ် (Drones) များကိုလည်း ထိုင်းတပ်မတော်နှင့် ရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 30 • 2:25 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


