back

ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ မန်ယူနည်းပြအာမိုရင်မ် အတည်ပြု

Nov 30 • 2:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ မန်ယူနည်းပြအာမိုရင်မ် အတည်ပြု

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကူညာနဲ့ ရှက်...


မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ကူညာဟာ လေ့ကျင့်ရေးမှာ ဦးခေါင်းဒဏ်ရာရခဲ့လို့ အဲဗာတန်နဲ့ပွဲ လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာဖြစ်တယ်။ဒါပေမဲ့ ၎င်းဟာ လာမယ့်အပတ် ဝက်စ်ဟမ်းနဲ့ပွဲမှာ ပြန်လည်ကစားဖို့ ရှိနေပါတယ်။ရှက်ရှကိုနဲ့ နောက်ခံလူ မက်ဂွိုင်းရားကတော့ ဒီထက်ပိုပြီး အနားယူရဖို့ များပါတယ်။မန်ယူနိုက်တက်အသင်းဟာ ပဲလေ့စ်နဲ့ပွဲမတိုင်ခင် အခုရာသီ ပရီးမီးယားလိဂ်အဝေးကွင်းပွဲတွေမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။

news-view-count-icon

26